Saturday, August 17, 2013

Eclipse Kepler for 32 bit windows

ပြီးခဲ့တဲ့ ရက်တွေတုန်းက DTC မှာရှိတဲ့ ကလေးတွေကို Java FX ကို သင်ပေးနေခဲ့ပါတယ်။ Layout တွေ Controls တွေ ကိုသင်ရင်း Database ကို သင်ဖို့ ဖြစ်လာပါတယ်။ ကျွှန်တော်သုံးနေတဲ့ စက်က Spec က သိပ်ပြီး အကောင်းကြီးတော့မဟုတ်ဘူး။ ဒါပေမယ့် OS ကို တော့ 64 bit Windows ကို တင်ထားပါတယ်။

Eclipse Kepler ပေါ်မှာ JavaFX လည်းတင်ထားတယ်၊ Glassfish 4 ကိုလည်း တင်ထားပါတယ်။ JPA တွေ ရေးတဲ့အခါမှာ နည်းနည်းတော့လေးတယ်။ Crush တော့ ဖြစ်မသွားဘူး။ တစ်ခါတစ်လေ Hang သွားရင်တော့ ပြန်ပြီး Restart လုပ်လိုက်ရင် ရေးလို့ရတာပဲ။ ဒါနဲ့ ကရု မထားဖြစ်ခဲ့ပါဘူး။

DTC မှာက ကိုကျော်လွင်ကလည်း Android လာသင်ပေးပါတယ်။ ကလေးတွေက ပြောတယ် Android ရေးရင် Eclipse IDE က အရမ်းလေးတယ်ပေါ့။ ဒါလည်းပဲ ရေးလို့ရနေသေးတော့ ကျွှန်တော်လည်း ပြဿနာတစ်ခု အနေနဲ့ မရှာဖြစ်ခဲ့ဘူး။

မနေ့ကကျမှ အောင်ခန့်ဖြိုးကို JPA ရေးသင်ပါတယ်။ အဲ့ဒီမှာတော့ ကျွှန်တော့် စက်ကို သုံးပါတယ်။ ပြီးတော့ အောင်ခန့်ဖြိုးကို ရေးကြည့်ဆိုတော့မှ၊ ဆရာ ကျွှန်တော့်စက်ထဲက Eclipse က JPA ရေးရင်း Crush ဖြစ်သွားတယ်တဲ့။ ပြီးတော့ တစ်ခြား Project တွေလည်း အဲ့ဒီလိုပဲတဲ့။

အဲ့ဒီအခါ အောင်ခန့်ဖြိုးစက်ကို ကျွှန်တော် သုံးပြီးရေကြည့်ပါတယ်။ တကယ်ပဲ Crush ဖြစ်သွားပါတယ်။ ကျွှန်တော့်အထင်ကတော့ Installation မှားနေတာလားပေါ့။ အဲ့ဒါနဲ့ Java ကအစပြန်ပြီး Install လုပ်ခိုင်းပါတယ်။ ပြီးတော့ စမ်းကြည့်တော့ အတူတူပဲ။ ဒါနဲ့ Workspace မှာရှိတဲ့ Error Log ကို ကြည့်တယ်။ outOfMemoryError တဲ့။ parmGen Space ကို Create လုပ်လို့မရဘူးတဲ့။ ဒါနဲ့ eclipse.ini မှာ ပါရာမီတာ သွားရေးကြည့်တယ်။ မရဘူး။

Eclipse Bug List မှာ သွားကြည့်တော့ ဟုတ်ပါတယ် JDK 1.6_10 ကျော်ကတည်းက Oracle က JDK တွေမှာ Eclipse နဲ့ အစဉ်မပြေတာတွေ တွေ့နေရတယ်တဲ့။ ဒါနဲ့ JDK 1.6_10 ကို ဒေါင်းပြီး သုံးကြည့်တယ်။ အဲ့ဒီမှာ ပြဿနာက JavaFX က Run လို့မရဘူး။ Java FX Plugin က JDK 1.7 အထက်ပေါ်မှာပဲ အလုပ်လုပ်ပါတယ်။ ဒါဆိုဒီနည်း မကောင်းဘူးဆိုပြီး ကြံရာမရ JDK 1.8 ကို ဒေါင်းပြီး စမ်းကြည့်တယ်။

ဒီနည်းကဟန်တယ်။ Eclipse ပေါ်မှာ Error တွေလည်း မတက်တော့သလို၊ Crush လည်း မဖြစ်တော့ပါဘူး။ အရင်ကနဲ့စာရင် Performance လည်း မြန်လာပါတယ်။ Eclipse Kepler ကို သုံးရင် JDK 8 နဲ့ Run ရင် အတော်လေးကို အစဉ်ပြေတာကိုတွေ့ရပါတယ်။

http://jdk8.java.net/download.html

No comments:

Post a Comment