Saturday, August 17, 2013

Eclipse Kepler for 32 bit windows

ပြီးခဲ့တဲ့ ရက်တွေတုန်းက DTC မှာရှိတဲ့ ကလေးတွေကို Java FX ကို သင်ပေးနေခဲ့ပါတယ်။ Layout တွေ Controls တွေ ကိုသင်ရင်း Database ကို သင်ဖို့ ဖြစ်လာပါတယ်။ ကျွှန်တော်သုံးနေတဲ့ စက်က Spec က သိပ်ပြီး အကောင်းကြီးတော့မဟုတ်ဘူး။ ဒါပေမယ့် OS ကို တော့ 64 bit Windows ကို တင်ထားပါတယ်။

Eclipse Kepler ပေါ်မှာ JavaFX လည်းတင်ထားတယ်၊ Glassfish 4 ကိုလည်း တင်ထားပါတယ်။ JPA တွေ ရေးတဲ့အခါမှာ နည်းနည်းတော့လေးတယ်။ Crush တော့ ဖြစ်မသွားဘူး။ တစ်ခါတစ်လေ Hang သွားရင်တော့ ပြန်ပြီး Restart လုပ်လိုက်ရင် ရေးလို့ရတာပဲ။ ဒါနဲ့ ကရု မထားဖြစ်ခဲ့ပါဘူး။

DTC မှာက ကိုကျော်လွင်ကလည်း Android လာသင်ပေးပါတယ်။ ကလေးတွေက ပြောတယ် Android ရေးရင် Eclipse IDE က အရမ်းလေးတယ်ပေါ့။ ဒါလည်းပဲ ရေးလို့ရနေသေးတော့ ကျွှန်တော်လည်း ပြဿနာတစ်ခု အနေနဲ့ မရှာဖြစ်ခဲ့ဘူး။

မနေ့ကကျမှ အောင်ခန့်ဖြိုးကို JPA ရေးသင်ပါတယ်။ အဲ့ဒီမှာတော့ ကျွှန်တော့် စက်ကို သုံးပါတယ်။ ပြီးတော့ အောင်ခန့်ဖြိုးကို ရေးကြည့်ဆိုတော့မှ၊ ဆရာ ကျွှန်တော့်စက်ထဲက Eclipse က JPA ရေးရင်း Crush ဖြစ်သွားတယ်တဲ့။ ပြီးတော့ တစ်ခြား Project တွေလည်း အဲ့ဒီလိုပဲတဲ့။

အဲ့ဒီအခါ အောင်ခန့်ဖြိုးစက်ကို ကျွှန်တော် သုံးပြီးရေကြည့်ပါတယ်။ တကယ်ပဲ Crush ဖြစ်သွားပါတယ်။ ကျွှန်တော့်အထင်ကတော့ Installation မှားနေတာလားပေါ့။ အဲ့ဒါနဲ့ Java ကအစပြန်ပြီး Install လုပ်ခိုင်းပါတယ်။ ပြီးတော့ စမ်းကြည့်တော့ အတူတူပဲ။ ဒါနဲ့ Workspace မှာရှိတဲ့ Error Log ကို ကြည့်တယ်။ outOfMemoryError တဲ့။ parmGen Space ကို Create လုပ်လို့မရဘူးတဲ့။ ဒါနဲ့ eclipse.ini မှာ ပါရာမီတာ သွားရေးကြည့်တယ်။ မရဘူး။

Eclipse Bug List မှာ သွားကြည့်တော့ ဟုတ်ပါတယ် JDK 1.6_10 ကျော်ကတည်းက Oracle က JDK တွေမှာ Eclipse နဲ့ အစဉ်မပြေတာတွေ တွေ့နေရတယ်တဲ့။ ဒါနဲ့ JDK 1.6_10 ကို ဒေါင်းပြီး သုံးကြည့်တယ်။ အဲ့ဒီမှာ ပြဿနာက JavaFX က Run လို့မရဘူး။ Java FX Plugin က JDK 1.7 အထက်ပေါ်မှာပဲ အလုပ်လုပ်ပါတယ်။ ဒါဆိုဒီနည်း မကောင်းဘူးဆိုပြီး ကြံရာမရ JDK 1.8 ကို ဒေါင်းပြီး စမ်းကြည့်တယ်။

ဒီနည်းကဟန်တယ်။ Eclipse ပေါ်မှာ Error တွေလည်း မတက်တော့သလို၊ Crush လည်း မဖြစ်တော့ပါဘူး။ အရင်ကနဲ့စာရင် Performance လည်း မြန်လာပါတယ်။ Eclipse Kepler ကို သုံးရင် JDK 8 နဲ့ Run ရင် အတော်လေးကို အစဉ်ပြေတာကိုတွေ့ရပါတယ်။

http://jdk8.java.net/download.html

Sunday, July 21, 2013

စာသင်ခြင်းနှင့် ကျွှန်တော်

ကျွှန်တော် မြန်မာပြည်ကို ပြန်ရောက်သည်မှာ ၇လကျော်ခဲ့ပြီဖြစ်သည်။ ၂၀၁၃ခု ဖေဖော်ဝါရီလတွင် DTC ဟု ဖွဲ့စည်းခဲ့ပြီး နီးစပ်ရာ ကလေးများအား Java အကြောင်းကို သင်ကြားပေးခဲ့၏။ ကျွှန်တော်အမှန် အတိုင်းဝင်ခံရလျှင် စာမသင်တတ်ပါ။ အတော်လေးကို ဒုက္ခရောက်ခဲ့ပါသည်။ ကျွှန်တော် ပြောပြချင်သည့် အကြောင်း အရာအများကြီးရှိပါသည်။ ဘယ်လိုပြောပြရမှန်း မသိပါ။

ကလေးတွေကလည်း Java အခြေခံက အမျိုးမျိုး။ လုံးဝမသိသော ကလေးများလည်းပါသလို JSF, JPA နှင့် EJB တို့တောင် ရေးနိုင်သော ကလေးများလည်းပါပါသည်။ DTC တွင် ကျွှန်တော် အဓိကထားသည်မှာ လက်တွေ့ရေးနိုင်သော ကလေးများအား မွေးထုတ်ချင်သည်။ OOP ၏ Concept ကို အပြည့်အဝ ရိုက်သွင်းပေးချင်သည်။ စိတ်ထဲရှိသည်ကို စနစ်တကျတွေပြီး စနစ်တကျ ရေးတတ်စေချင်ပါသည်။

အစတွင်သူတို့အားလုံးကို Basic Java အကြောင်းကို သင်သည်။ Language အခြေခံတွေကို ရှင်းရင်း Object ဆိုတာဘာလဲ၊ Class ဆိုတာဘာလဲ။ Object တစ်ခုနှင့် တစ်ခု ဘယ်လိုဆက်သွယ် အလုပ်လုပ်ကြသလဲ၊ ပြီးတော့ ဘယ်လိုပတ်သက်သလဲ ဆိုတဲ့အချက်ကို အဓိကထား၍ ပြောပြသည်။ လေ့ကျင့်ခန်းအနေဖြင့် တွေးမိတွေးရာကို ရေးခိုင်းခဲ့ပါသည်။

BMG တွက်သည့်အပလီက အစ၊ ဘိုကြားသေနတ်၊ အန်စာတုံး၊ ကိုးမီး အစရှိသဖြင့်။ အဲ့ဒီမှာ ပြဿနာတက်ပါသည်။ တတ်ပြီးသား ကလေးများက စိတ်မဝင်စားပါ၊ ပြီးတော့ သိပ်ပြီးမတတ်သေးသော ကလေးများက မလိုက်နိုင်ကြပါ။ အဲ့ဒီမှာ ကျွှန်တော် နည်းပြောင်းပါသည်။ ကျွှန်တော် ရေးပြသည်။ တစ်ဆင့်ချင်း ဒီနေရာမှာ ဒီလိုတွေး၍ ဒီလိုရေးသည်ဆိုသည်ကို ရေးရင်းပြောရင်း ရေးပြပါသည်။ အဲ့ဒီအခါ ခွန်လေးက ဆရာက အရမ်း ပျော့တာပဲတဲ့၊ အားလုံးကို ရေးပြနေတယ်တဲ့၊ အခြားဆရာတွေဆိုရင် ကျောင်းသားတွေကို ကိုယ့်ဟာကိုယ်ရေးခိုင်းတာတဲ့။ ကျွှန်တော်အခက်တွေ့သွားသည်။

ကျွှန်တော်တို့ဆီမှာ အချို့သော ကျောင်းသားများက တစ်ပတ်တစ်ရက်သာ လာနိုင်သည်။ အဲ့ဒီတော့ တော်ရုံနှင့် အခန်းက ရှေ့မဆက်နိုင်ဘူး ဖြစ်သွားသည်။ ပုံစံပြောင်းရမည်။ မည်သို့ပြောင်းရမည်မသိ။

ကျွှန်တော်ကံကောင်းပါသည်။ ကျွှန်တော်တို့ဆီကို ကိုကျော်လွင် ရောက်လာသည်။ သူစာသင်တာ အတော်လေးတော်ပါသည်။ တစ်ရက် DTC ကို လာလည်ရင်း OOP အကြောင်းကို ရှင်းပြသွားခဲ့ပါသည်။ ကလေးများ အားလုံးစိတ်ဝင်စားစွာ နားထောင်နေခဲ့၏။ ကျွှန်တော် အတော်လေးကို နမှုနာရပါသည်။ သူရှင်းသွားသည်မှာ အတော်လေးကောင်းပါသည်။ White Bord ပေါ်တွင် ရေး၍ သမိုင်းကအစ နားထောင်ကောင်းအောင်ရှင်းပြသွားပါသည်။

အဲ့ဒီအချိန်မှာ Java Basic အကြောင်းကို အတော်လေးပြောပြပြီး ဖြစ်နေပြီ ဖြစ်သည်။ API အကြောင်းတွေကိုတော့ စုံအောင် မပြောပြရသေးပါ။ သူတို့ရေးသားသည်ကို ကြည့်၍၊ Class နှင့် Instance အကြောင်းကို နားလည်ပြီ၊ OOP ရဲ့ Concept ကို ရပြီဆိုတာကို တွေ့ရပါသည်။ ကျွှန်တော်ဆုံးဖြတ်သည်။ API တွေကိုတော့ တစ်ခြားဟာလေ့လာရင်း ဆက်ပြီး ပြောပြသွားလို့ရသည်။ တစ်ချို့ကလေးတွေက Basic ကို ပိုပြီးလုပ်ချင်သည်ဟုပြောသည်။ ကျွှန်တော်ယုံကြည်ပါသည်။ သူတို့ ရေးအားနည်းသောကြောင့် ကိုယ့်ဟာကိုယ် အယုံအကြည်မရှိခြင်းသာဖြစ်သည်။ ဒါကလည်း သင်ယူလို့မရ၊ ကိုယ်တိုင်ရေးကျင့်မှ ရမည်ဖြစ်သည်။

Servlet နှင့် JSP ကို စပါသည်။ Servlet နှင့် JSP ကို သင်ကြားသည်မှာ အဲ့ဒါတွေကို သုံးပြီး Application ကို ရေးသားရန်မဟုတ်။ ဒီခေတ်ကြီးထဲတွင် ပို၍ အစဉ်ပြေသော Framework များစွာရှိ၏။ Web Application တစ်ခု၏ အခြေခံ အလုပ်လုပ်ပုံကို နားမလည်ပဲ Framework များအား စခဲ့ပါက နောက်ပိုင်းတွင် ဒုက္ခများနိုင်သည်။ အဲ့ဒီအတွက် Low Level ဖြစ်တဲ့ Servlet နဲ့ JSP ကို သုံးပြီး Web Application တစ်ခု၏ အလုပ်လုပ်ပုံ၊ ပြီးတော့ Configuration များကို ရေးသားပုံကို ရင်းနှီးစေလိုပါသည်။ အဲ့ဒီအတွက် Servlet နှင့် JSP ကို သင်ကြားရခြင်းဖြစ်သည်။

အဲ့ဒီလိုသင်ကြားရာမှာလည်း ကျွှန်တော် စာသင်သည့် Style ကို ပြောင်းပါသည်။ အရင်က Computer ကို အသုံးပြု၍ ရေးသားရှင်းပြခဲ့သည်ကို White Bord ပေါ်တွင် ရေး၍ ရှင်းပြသည်။ ဘာကြောင့် သင်ကြားသည် ဆိုသည့် ရည်၍ချက်ကို အရင်ပြောသည်။ ပြီးလျှင် ဘာတွေ လုပ်လို့ရသည်ကို ပြောသည်။ ငါတို့ Servlet နဲ့ JSP ကို သုံးပြီး ဘာတွေလုပ်လို့ရတယ်၊ ဘယ်လိုလုပ်ရတယ် ဆိုတာကို အရင်ပြောပြီးမှ တစ်ခုချင်းကို လက်တွေ့ ရေးခိုင်းပါသည်။

ပြီးတစ် အရင်ပြီးသော ကလေးများကို နောက်ကျနေသော ကလေးများအား ပြန်ရှင်းပြစေသည်။ အဲ့ဒီနည်းသည် အောင်မြင်သည် ဆိုရမည်။ ကလေးများအားလုံး တဖြည်းဖြည်း ရေးလာနိုင်သည်ကို တွေ့ရ၏။ အခုဆိုလျှင် သူတို့သည် လက်တွေ့အပလီတစ်ခုကို စရေးတော့မည် ဖြစ်သည်။ ဒီ ၈လပိုင်း အလယ်လောက်တွင် Java EE 7 ကို စတင် သင်ကြားနိုင်မည်ဟု မျှော်လင့်ရပါသည်။

Wednesday, March 27, 2013

အပြာရောင်လမင်း

နေ့ခင်းခေါက်ဆွဲကျော်စားရင်း
ဝါးပင်စိမ်းစိမ်း တွေ့ကိုတွေ့ရတယ်
ကောင်မလေး
မင်းဆီကို ဖုန်းဆက်မိတယ်

ညနေခင်း
ဘီယာသောက်ရင်း
လမင်းကို တွေ့ရတယ်
ကောင်မလေး
မင်းဆီကို ဖုန်းဆက်မိပြန်တယ်


အိပ်ယာဝင်
မျက်စေ့မှိတ်အိပ်ဖို့ကြိုးစားတဲ့အခါမှာလည်း
ကောင်မလေး
မင်းဆီကို ဖုန်းဆက်မိပြန်တယ်

ကောင်မလေးရေ
အဝေးကနေပြန်လာပါတော့ကွယ်

Friday, February 1, 2013

ကျွှန်တော်တို့စပြီ

ဒီကနေ့ကစပြီး မြန်မာပြည်က ရုံးမှာစပြီး အလုပ်လုပ်ဖြစ်ပါသည်။ ပြီးခဲ့တဲ့နေ့တွေတုန်းကတော့ ပြင်ဆင်ဆဲ ဖြစ်သည်။ ဂျပန်က ဥက္ကဋ္ဌကလည်း ဒီမှာလာနေပေးပါသည်။ သူရှိတုန်းသူ့ဆီက Management နဲ့ ပတ်သက်သော
အကြောင်းအရာများကို လေ့လာရပါမည်။ ဘာလို့လည်းဆိုတော့ သူလည်း ဂျပန်ပြည်မှာ Developer လုပ်နေရာက ကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့သူ တစ်ဦးဖြစ်သောကြောင့် ဖြစ်သည်။

လက်ရှိ ကျွှန်တော့်မှာမရှိသော ပညာများ သူ့ဆီမှာရှိပါသည်။ ကျွှန်တော်တို့ ရုံးကို လူ ၃ယောက်နဲ့ စတင်ခဲ့ပါသည်။ ဒီနေ့ပဲ ကျွှန်တော်တို့လုပ်ချင်တဲ့ပရိုဂျက်ကို စပြီးစတင်ပါသည်။ အားလုံးပူးပေါင်း၍စပြီးရေးပါမည်။ ကျွှန်တော်က ဂိုက်လိုင်းသာချပေးသည်။ကျန်တာတွေကို သူတို့ကိုတွေးပြီး သူတို့ကို ရေးတတ်အောင် လေ့ကျင့်ပေးပါမည်။ MySQL, JPA, WebService, JSF, Android နဲ့ ရေးပါမည်။

ကျွှန်တော့် ဆရာက သူလည်းမနေနိုင်ပါ။ C# နဲ့ သူလည်း ရေးမည် လုပ်သည်။ ကျွှန်တော်တို့အားလုံးဟာ ဒီပရိုဂျက်တစ်ခုနဲ့စတင်ပေါင်းစည်း မိမည်ဟု ထင်ပါသည်။ တဘက် ကျွှန်တော်တို့ အိမ်နားမှာလည်း စနေတနင်္ဂနွေနေ့တွေမှာ သင်တန်းတစ်ခုကို စတင်ရန် ရည်ရွယ်ထားပါသည်။ ကွန်ပျူတာကို တစ်ကယ် မြတ်နိုးသူများကို ပြုစုပျိုးထောင်သွားရန်ရည်ရွယ်ပါသည်။

အဆင့် ၃ဆင့် ဖြင့် သင်ကြားသွားမည်။

  • Desktop Course
    1. ကွန်ပျူတာကို ကိုယ့်ဟာကိုယ် ဆင်နိုင်တဲ့အထိ တတ်ရမည်
    2. နစ်သက်ရာ OS ကို ကိုယ့်ဟာကိုယ် Install လုပ်နိုင်ရမည်
    3. ကိုယ့် Computer ကို ကိုယ့်ဟာကိုယ် Customize လုပ်ပြီး ကိုယ်လုပ်ချင်တဲ့ အနေအထားရောက်အောင် Performance Tuning လုပ်နိုင်ရမည်
    4. ပရိုဂရမ်မင်း ဘာသာရပ်အနေဖြင့် C, C++, Java, Python ကို သင်ကြားပြီး Language Free Developer များအဖြစ် လေ့ကျင့်ပေးမည်
    5. Desktop Application များအနေဖြင့် C#, Java Swing, Java FX ကို သုံးပြီး သင်ကြားပေးမည်
    6. Windows Bat ပရိုဂရမ်များအား စိတ်ကြိုက်ရေးနိုင်သည် အထိ သင်ကြားပေးမည်
  • Web Course
    1. Networking အကြောင်းကို သင်ကြားပေးမည်
    2. ကိုယ်ပိုင် Network တစ်ခုကိုတည်ဆောက်နိုင်သည် အထိသင်ကြားပေးမည်
    3. TCP/IP အား အသုံးပြု၍ Low Level အထိ Design ရေးနိုင်သည် အထိ သင်ကြားမည်
    4. HTML/ XHTML / HTML5 နှင့် javascript ကို နားလည်အောင် သင်ကြားမည်
    5. Ajax Lib များအား အသုံးပြုနိုင်အောင် သင်ကြားမည်
    6. Web Design အား Layout, Coloring နှင့် Template များအား ကိုယ်တိုင်ရေးသားနိုင်သည် အထိသင်ကြားပေးမည်
    7. Java EE ၏ အခြေခံများဖြစ်သော Servlet, JSP, JSF, EJB, JPA, Webservice များကို နားလည် ပိုင်နိုင်အောင် သင်ကြားမည်
    8. Django Framework အား အသုံးပြု၍ Web Application ရေးသားပုံအား သင်ကြားမည်
    9. Microsoft .Net အား အသုံးပြု၍ Web Application ရေးသားပုံအား သင်ကြားမည်
    10. Comet နှင့် WebSocket အား အသုံးပြု၍ Ajax ၏ နောက်ပိုင်း ပညာများအား သင်ကြားမည်
    11. Cloud Service များဖြစ်ကြသော GAE, Cloudbees, Openshift အား အသုံးပြု၍ မိမိ၏ Web Application များအား Cloud ပေါ်တွင် Deploy လုပ်နိုင်အောင် သင်ကြားမည်
    12. Subversion နှင့် Git တို့အား အသုံးပြု၍ အုပ်စုလိုက် Develop လုပ်နိုင်အောင် သင်ကြားမည်
  • Hacking Course
    မစဉ်းစားရသေးပါ