Monday, July 16, 2012

Firefox နှင့် Flash

ပြီးခဲ့တဲ့ အပါတ်ကတည်းကဖြစ်သည်။ Firefox ဖြင့် Youtube တွေကို ဖွင့် မရသည့်ပြဿနာကို ကြုံခဲ့ပါသည်။ ဘာဖြစ်တာပါလိမ့်ပေါ့။ ဒါပေမယ့် မအားတာကြောင့် သိပ်ပြီး မကြည့်ဖြစ်ပဲ Chrome နဲ့သာ သုံးနေခဲ့မိသည်။

Chrome ကို သိပ်မကြိုက်ပါ။ မြန်မာစာဖတ်ချင် စိတ်ကြောင့် Zawgyi နဲ့ ရေးထားတာတွေကို Unicode ကို ပြောင်းတဲ့ Plugin ဖြစ်တဲ့ One Universe ကို အင်စတောလုပ်ထားပြီး၊ ဇော်ဂျီ နဲ့ရေးထားတာတွေကို ယူနီကုဒ်ကို ပြောင်းပြောင်းပြီး ဖတ်လေ့ရှိပါတယ်။ ဒါပေမယ့် ရန်ဖန်ရံခါ မှန်အောင် ပြန်နိုင်ခြင်းမရှိပဲ ရှုပ်ရှက်တွေခပ် ကုန်သည့်အခါ ရှိပါသည်။

ဒါပေမယ့် ဒီလိုကြည့်လို့ရအောင် ကြိုးစားပေးထားတဲ့ ကိုစေတန်ကို ကျေးဇူးတင်လျှက်၊ ယခုအချိန်အထိ ဇော်ဂျီကို သုံးနေသော သူများကို ဒေါပွမိ၏။ သင်းတို့ကြောင့် မြန်မာ ကွန်ပျူတာလောက က မဖွံ့ဖြိုးတာ။ သာမန် အသုံးပြုသူဆိုထားတော့။ Developer ဖြစ်ပြီး ဇော်ဂျီသုံးနေသူများကိုတော့ အတော်လေးကို စိတ်ကုန်မိပါသည်။

ဒါတွေထားတော့ အဓိက ပြောချင်တာဒါမဟုတ်။ အဲ့ဒါကြောင့် Firefox ကို Unicode နဲ့ ချိန်ပြီး သုံးနေမိခဲ့တာက များပါသည်။ ရန်ဖန်ရံခါ ကိုယ်လေးစားတဲ့သူက Facebook ပေါ်မှာ ရေးထားတာကို Firefox နဲ့ ဖတ်မရမှသာ Chrome ကို ဖွင့်ပြီး ဘာရေးထားတာတုန်းဟု ဝင်ဖတ်လေ့ရှိပါသည်။ ကျွှန်တော်အမြဲသုံး Firefox က ပြီးခဲ့တဲ့အပတ်က စပြီး Flash တွေကို ကောင်းကောင်း အလုပ်မလုပ်စေတော့ပါ။ Flash Player Version အသစ်ထွက်ပြန်ပြီဟု ထင်မိလိုက်ပါသည်။

ဒီအပါတ်ပိတ်ရက်ကြမှပဲ ရှာကြည့်ပါသည်။ Flash Player Version 11.3 ကို ဇူလိုင်လ ၈ရက်နေ့ကစပြီး ထုတ်ပြန်လိုက်ပုံရ၏။ ကျွှန်တော့် ကွန်ပျူတာမှာက အင်စတောလုပ်ရမှာ အလုပ်ရှုပ်တာနဲ့ ဗားရှင်း အပ်ဒိတ်ကို အလိုအလျှောက်လုပ်ရန် ချိန်ထားပါသည်။ ဒါကြောင့် ဗားရှင်း အသစ်ကို အလိုအလျှောက် အပ်ဒိတ်လုပ်သွားပါသည်။

ဗားရှင်း 11.3 တွင် Windows Vista နှင့် Windows 7 ကို သုံးပါက Firefox အတွက် Safety Mode ကို အသစ် ဖြည့်စွက်ခဲ့ပုံရ၏။ အဲ့ဒီ ဖန်ရှင် အသစ်သည် Firefox တွင် ကောင်းစွာအလုပ်လုပ်ပုံမရ။ ဒါကြောင့် Flash Player အသစ်ကို အင်စတောလုပ်ပါက Firefox တွင် Youtube တွေကြည့်မရသည့် ပြဿနာကို ဖြစ်ပွားစေပုံရ၏။

အချို့သောဆိုဒ်များတွင် Setting ဖိုင်အား ပြင်လျှင်ရသည်ဟု ရေးသားထားသော်လည်း ကျွှန်တော် ပြင်ကြည့်သောအခါ မရပါ။ ဒါကြောင့် ရှိပြီးသား Flash Player အသစ်ကို Un Install လုပ်ပြီး ဗားရှင်းအဟောင်းကို http://helpx.adobe.com/flash-player/kb/archived-flash-player-versions.html ဒေါင်းလုဒ်လုပ်ပြီး ပြန်အင်စတော လုပ်လိုက်ပါသည်။

ဒီတော့မှ Firefox ဖြင့် Youtube ကြည့်လို့ရပါတော့သည်။ ဒီနေရာမှာတော့ Chrome က Firefox ထက် ပိုတော်သွားသည်ဟု ဆိုရမည်။ ဘာပြဿနာမှ မတက်လိုက်ပါ။ ဒါပေမယ့် Facebook ရဲ့ layout အချို့နဲ့ ဓာတ်ပုံ အချို့မှာ အခုထက်ထိ Bug တွေတက်နေတုန်းဖြစ်ပါသည်။ ဒါက Chrome နဲ့သိပ်မဆိုင်ပဲ Facebook Developer တွေရဲ့ ညံ့ဖျဉ်းမှု့ကြောင့် ဖြစ်ပါလိမ့်မည်။ Web Developer ဖြစ်ပါက အနည်းဆုံး IE, Chrome, Firefox နဲ့ Opera တို့မှာ တူညီစွာ အသုံးပြုနိုင်ရန် ရေးသားရန်လိုအပ်ပါသည်။

Flash Player ဗားရှင်း အဟောင်းကြီးသုံးနေရတာ အမှန်တော့ အန္တရယ်ကြီးပါသည်။ အဲ့ဒီနေရာက Security Hole ဖြစ်သွားနိုင်ပါသည်။ သတိဝရိယရှိစွာနဲ့နေမှ။