ပရိုဂရမ်မာ တစ်ဦးဟာ သမီးရှင် ဖခင်တစ်ယောက်နဲ့ တူပါတယ်။ ကိုယ်ရေးထားတဲ့ အပလီကေးရှင်း တစ်ခုဟာ ကိုယ့်သမီးလေးတစ်ယောက်ပေါ့။ ကိုယ့် အ ပလီကေးရှင်းကို Release လုပ်တဲ့အချိန်ဟာ ကိုယ့်သမီးရဲ့ မင်္ဂလာပွဲနဲ့ တူပါတယ်။
ကိုယ်ပြုစုပျိုးထောင်ခဲ့တဲ့ သမီးလေးဟာ အခုတော့ သူ့လမ်းကို သူသွားပါတော့မယ်။ အိမ်ထောင်ကျ သွားပြီးတဲ့အခါ၊ ဆိုင်သာဆိုင်တယ် မပိုင်တော့ပါဘူး။ တန်ဖိုးမထားတတ်တဲ့ အသုံးပြုသူတွေနဲ့ တွေ့တဲ့အခါ သူဟာ လင်ဆိုးတစ်ယောက်နဲ့ အိမ်ထောင်ကျဖြစ်တဲ့ ကံမကောင်းတဲ့ သမီးလေးဖြစ်သွားပါမယ်။ ဒဏ်ရာတွေ ဗလပွနဲ့ သမီးလေးကိုတွေ့လည်း ကျွှန်တော့်မှာ ဘာမှာမတက်နိုင်တော့ပါ။
ဘာလို့သူက ဒီလိုသုံးရတာလည်း။ အဲ့ဒီလိုပြင်လို့မရဘူးလေ။ အဲ အဲ့ဒီနေရာမှာ အဲ့လိုသွားပြင်ရင်တော့။ အစရှိသည့် ယူကြုံမရမှု့တွေက စကားလုံးတွေကို ဆွံ့အစေခဲ့ပါတယ်။ ဘာပဲပြောပြော ကိုယ့်ရေးသားခဲ့တဲ့ ကိုယ့်သားသမီးတွေကို ချစ်ခင်ကြင်နာစွာနဲ့ အသုံးပြုစေချင်သည်မှာ မိဘတိုင်းရဲ့ ဆန္ဒပဲဖြစ်ပါလိမ့်မယ်ဟု ကိုယ်ခြင်းစာခဲ့မိပါတယ်။
ဒီနေ့ ကံဆိုးတဲ့ ကျွှန်တော့် သမီးငယ် တစ်ဦးနဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ သူ့မှာ ဒဏ်ရာတွေ နဲ့။ ကျွှန်တော့်မှာ စိတ်မကောင်းရုံကလွဲပြီး ဘာမှ မတက်နိုင်ခဲ့ပါ။ ချစ်သမီးလေး စိတ်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးရုံမှလွဲပြီး မတတ်နိုင်ခဲ့ပါ။
No comments:
Post a Comment