Monday, February 6, 2012

Virtual PC 2007 & Open Suse

Virtual PC 2007 ကို သုံးချင်နေတာကြာပါပြီ။ အကြောင်းကြောင်းကြောင့် မစမိသေးခဲ့။ ပြီးခဲ့တဲ့ စနေနေ့တုန်းက ဒေါင်းလုဒ်လုပ်ပြီး၊ Windows XP ကို စမ်းကြည့်သည်။ မဆိုးပါ၊ အလုပ်လုပ်သွားပါသည်။ ကျွှန်တော် အရင်သုံးနေတဲ့ အိမ်က ဆာဗာ ကြွသွားတာကြာပြီ။ လက်တော့မလျှော့သေးဘူး။ ရအောင်ပြင်ဖို့ စဉ်းစားနေတုန်း။ Bios ကတော့တက်ပါပြီ။ ဒါပေမယ့် CD ကို ကောင်းကောင်းမဖတ်နိုင်ဘူးဖြစ်နေတယ်။ Memory လည်း လဲထားပြီးပြီ။ Hard Disk လည်း 1TB တောင်ထည့်ထားတာ။ မဖြစ်မနေ အသက်သွင်းရပါမည်။ ဒါပေမယ့် မအားသေး။ ဒီကြားထဲအရားပြေသုံးရအောင် Linux ကို Pendrive ကို သုံးမလား၊ Virtual PC ကို သုံးမလား စဉ်းစားနေခဲ့ပါသည်။


ဒီနေ့ Virtual PC မှာ Open Suse Live CD ကို စမ်းသုံးကြည့်သည်။ လှပလိုက်သည့်အမျိုး။ Open Suse ကို အမျိုးမျိုး ကလိရပါဦးမည်။ ဒီနေ့တော့ ဒီလောက်ပင်။ နောက်ရက်များမှ Myanmar Java User တွင် Lunux သုံး၍ Java ရေးနည်းကို ရေးရပါဦးမည်။ ဒီနေ့တော့ အိပ်တော့မည်။

No comments:

Post a Comment